သင့်သဘောထားအမြင်ဖြင့် ကျွန်ုပ်တို့၏ ဦးစားပေးမှုများကို ပုံဖော်ခြင်း- Rain to River စစ်တမ်း
သင့်သဘောထားအမြင်ဖြင့် ကျွန်ုပ်တို့၏ ဦးစားပေးမှုများကို ပုံဖော်ခြင်း- Rain to River စစ်တမ်း
ရေဝေရေလဲကာကွယ်ရေးဌာနသည် Austin မြို့တော်ရှိ မြစ်ချောင်းများနှင့် ရပ်ရွာလူထုကို ကာကွယ်ရေးအတွက် လမ်းညွှန်မှုအဖြစ် အသစ်စတင်မည့် 10 နှစ်တာစီမံကိန်း Rain to River ကို ရေးဆွဲနေပါသည်။
လွန်ခဲ့သည့် သုံးနှစ်အတွင်း Austin မြို့တော်၏ မြစ်ချောင်းအင်းအိုင်များနှင့်စပ်လျဉ်း၍ ရပ်ရွာလူထု၏အမြင်ကို ကျွန်ုပ်တို့ မေးမြန်းခဲ့ပါသည်။ ယခုအခါ မည်သည့်အရာကို ဦးစားပေးရမည်ကို ဆုံးဖြတ်ရာတွင် သင့်အကူအညီ လိုအပ်နေပါသည်။
ကျေးဇူးပြု၍ ကျွန်ုပ်တို့၏ 10 မိနစ်စာ စစ်တမ်းကို ဖြေကြားပေးပြီး သင့်ထင်မြင်ချက်များကို မျှဝေပေးခြင်းဖြင့် ကျွန်ုပ်တို့ရပ်ရွာလူထု၏ လိုအပ်ချက်များကို အမှန်တကယ် ထင်ဟပ်စေမည့် ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန် ကူညီပေးပါ။
စာမျက်နှာ 1
ရေဝေရေလဲကာကွယ်ရေးဌာနသည် Austin မြို့တော်ရှိ မြစ်ချောင်းအင်းအိုင်များနှင့် အခြေခံအဆောက်အအုံများကို ကာကွယ်ရန် ဝန်ဆောင်မှုများစွာကို ဆောင်ရွက်ပေးပါသည်။ ကျွန်ုပ်တို့သည် ရေကြီးရေလျှံမှုကို လျှော့ချရန် ရေနုတ်မြောင်းစနစ်များကို ထိန်းသိမ်းခြင်း၊ ရေအရည်အသွေးကို ကာကွယ်ရန် ညစ်ညမ်းမှုများကို ရှင်းလင်းခြင်း၊ မြေတိုက်စားမှုကဲ့သို့သော ပြဿနာများကို ဖြေရှင်းရန် စီမံကိန်းများ ချမှတ်ခြင်း၊ ရပ်ရွာပညာပေးအစီအစဉ်များ ပံ့ပိုးပေးခြင်းနှင့် အနာဂတ်တွင် ဖြစ်ပေါ်လာနိုင်သည့် ပြဿနာများကို တားဆီးကာကွယ်ရန် စည်းမျဉ်းများပြဋ္ဌာန်းခြင်းတို့ကို ဆောင်ရွက်ပါသည်။ သို့သော် ကျွန်ုပ်တို့တွင် ဤအရာအားလုံးကို လုပ်ဆောင်ရန် ငွေကြေး၊ အချိန်နှင့် လူအင်အား အကန့်အသတ်ရှိပါသည်။ ဆိုလိုသည်မှာ ကျွန်ုပ်တို့ အဓိကထား ဆောင်ရွက်မည့်အရာနှင့်ပတ်သက်၍ ခက်ခဲသောရွေးချယ်မှုများကို ပြုလုပ်ရန်လိုအပ်ပါသည်။ အချို့သော ဖြေရှင်းနည်းများသည် ကြီးမားသော အကျိုးသက်ရောက်မှုရှိသော်လည်း လူနည်းစုဆီကိုသာ ရောက်ရှိနိုင်ပြီး အချို့သောဖြေရှင်းနည်းများသည် လူအများစုကို သေးငယ်သော နည်းလမ်းများဖြင့် အထောက်အကူပြုပါသည်။ ကျွန်ုပ်တို့သည် နှစ်မျိုးလုံးကို ဆက်လက် ရင်းနှီးမြုပ်နှံသွားမည်ဖြစ်သော်လည်း ကျွန်ုပ်တို့ရှေ့ဆက်လျှောက်လှမ်းရာတွင် မည်သည့်ချဉ်းကပ်မှုကို ဦးစားပေးသင့်သည်နှင့်ပတ်သက်၍ သင်၏ ထင်မြင်ချက်ကို လိုအပ်ပါသည်။ ရွေးချယ်စရာနှစ်ခုအနက် တစ်ခုကို ရွေးရမည်ဆိုလျှင် မည်သည့်အရာကို ဦးစားပေးသင့်သည်ဟု သင်ထင်ပါသနည်း။ (သင့်အဖြေပေါ်မူတည်၍ စာမျက်နှာ 1A သို့မဟုတ် စာမျက်နှာ 1B တစ်ခုခုက ဗလာဖြစ်နေပါမည်။)
This is hidden text that lets us know when google translate runs.